လားရှိုး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ (၃) နာရီအချိန်က လားရှိုးမြို့ရှိ Women Club အဖွဲ့နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲတွင် လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူထုအခြေပြုဗဟိုဌာနတွင် Book Club (စာပေချစ်မြတ်နိုးသူများအသင်း)၊ Women Club (အမျိုးသမီးများအသင်း) နှင့် Youth Club (လူငယ်အသင်း) များ ဖွဲ့စည်း၍ စာပေဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး၊ စာတတ်သူတိုင်း စာဖတ်သည့် အလေ့အထများ ရရှိစေရေး၊ စာပေဝါသနာရှင်များ စုစည်း၍ စာပေဆိုင်ရာ ဆွေးနွေးပွဲများ ဆွေးနွေးနိုင်ရေး၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်ဆောင်ရွက်နိုင်ကြစေရေး ဆောင်ရွက်လျှက်ရှိနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်အမှတ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသားကျောင်းသူ လူငယ်များအား ဆုများချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့်လစဉ် လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်ဆွေးနွေးပွဲသို့တက်ရောက်လာသော Women Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းရင်နှင့် အဖွဲ့ဝင်များက Women Club အဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်နိုင်ရန် အတွက်အလှူငွေများအား လှူဒါန်းခဲ့ပါသည်။
လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန အနေဖြင့်လည်း နေ့စဉ်ဆောင်ရွက်နေသော အများပြည်သူ အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းစဉ်များကို လူထုအခြေပြုဗဟိုဌာန(Community Centre) Page တွင်လည်း Women Club အဖွဲ့၏ လစဉ်ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများကို လွှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး