သိန္နီမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

သိန္နီ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးစီးထုတ်ဝေသော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင် များဖြန့်ဝေခြင်းကို  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက  ယနေ့ နံနက်ပိုင်းတွင် လူစည်းကားရာနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ  သတင်းစကား လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ (၁၀၁) နှစ်မြောက်၊  အမျိုးသားအောင်ပွဲနေ့  ဦးတည်ချက်များ၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁-၄-၂၀၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအားတွေ့ဆုံ  ပြောကြားသည့်  အမှာစကားမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်၊ ရေနံ့သာမောင်ကျော်ညွန့် ရေးစပ်သီကုံးသည့် ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ၊ အထိမ်းအမှတ်ဆောင်ပုဒ်များ၊ မိန့်ခွန်းနှင့်သဝဏ်လွှာ ကောက်နှုတ်ချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို လူစည်းကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အိဇာချို(ပြန်/ဆက်)