မဟာအောင်မြေ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများအား ယခုဆောင်ရွက်ပေးနေသည့် ပန်းခင်းစီမံချက် အကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်၍ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉နာရီမှစ၍ လူစည်ကားရာဈေးများနှင့်ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးသည့် စုရပ်များ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းဟန်နှင့်ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လက်ကမ်းစာစောင်တွင်ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့်ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် ပြည်သူများ၏ လူမှုရေး၊အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်နိုင်မည် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရေးသားထားကြောင်း သိရသည်။
ခင်နှင်းဆီ