မချမ်းဘော့ နိုဝင်ဘာ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်၁၀နာရီချိန်က စည်ပင် သာယာ ဈေးနှင့်လူသွားလူလာများ သောလမ်းဆုံ ၊လမ်းခွနေရာများတွင် ဖြန့်ဝေခဲ့ ကြောင်းသိရသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှပေးပို့လာသော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြရာ လက်ကမ်းစာစောင်တွင်၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ အမျိုးသားပညာရေး၊ ပညာရေး ကဏ္ဍသည်အရေးကြီး ၊ အမျိုးသားရေးစိတ်ဓာတ် ၊ အေးအတူပူအမျှ၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာနှင့်ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအမည်များ စသည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်း စာစောင်များအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့်ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
မချမ်းဘော့(ပြန်/ဆက်)