ပေါင် နိုဝင်ဘာ ၂၃
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊မုတ္တမကျွဲခြံကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပေါင်မြိုနယ်၊မုတ္တမကျွဲခြံကျေးရွာအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် ၁၀ နှစ်ပြည့် (၉)ကတ်၊ အသက် ၁၈နှစ်ပြည့် (၁)ကတ်၊ လဲလှယ်ကတ် (၆၉)ခု စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၇၉)ကတ်တို့ကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပေါင်မြို့နယ်(ပြန်/ဆက်)