ကျိုင်းတုံ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို နိုဝင်ဘာ ၂၃ ရက် တွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။
အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ကျိုင်းတုံမြို့ အာခါဈေးနှင့် အသွားအလာများသည့်နေရာများတွင် ကျိုင်းတုံ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ သည်။
ယင်းလက်ကမ်းစာစောင်တွင် အမျိုးသားနေ့အောင်ပွဲဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့အကြောင်း ကဗျာများ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသား စိတ်ဓာတ် ကိန်းဝပ်ရှင်သန်စေရေး အကြောင်းအရာများ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)