မိုးနဲ နိုဝင်ဘာ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ် မြို့နယ် ကမ္ဘောဇ ခန်းမတွင် ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမျိုးညွန့်ရွှေ နှင့်ဝန်ထမ်းများက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အစည်းအဝေးသို့တက်ရောက်လာ ကြသော ဌာနဆိုင်ရာများ ၊မြို့မိမြို့ဖများ နှင့်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး ၊ပညာရေးကဏ္ဍသည်အရေးကြီး ၊အမျိုးသားရေး စိတ်ဓါတ် ၊ဘုန်းရှင့်မြန်မာတို့မြန်မာ၊၂၀၂၁ ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များနှင့် အမျိုးသားပညာရေး အစရှိသော အကြောင်းအရာများပါရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)