လဲချား နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ( Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးTalk Showကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ပညာရေးဌာနနှင် ့ပူးပေါင်း၍ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက် ရခြင်းကို မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ရှင်းလင်းပြောကြားခဲ့ပြီး လဲချားမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမ ဒေါ်နွေးသိမ့်သိမ့်ကျော်မှ အမျိုးသားအောင်ပွဲ နေ့ဖြစ်ပေါ်လာပုံ ၊ မြန်မာ့သမိုင်းမှာ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူ မြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားရေးစိတ်ဓါတ်နှင့်အမျိုးသားပညာရေး စသည့်အကြောင်းအရာများ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)