တုံတာ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီခန့်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ပေါ်ရပ်ကွက် များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်း သားကြီး (၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွှန့် ရေးသားသည့် “ဘုန်းရှင့် မြန်မာ တို့မြန်မာ” ကဗျာအစရှိသည့် ဗဟုသုတဆိုင်ရာ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း