ပင်လောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဒုတိယအသုတ် (ဒုတိယအကြိမ်) နှင့် တတိယအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ကျေးရွာအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ

ပင်လောင်း  နိုဝင်ဘာ  ၂၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ စင်းတောင်း၊ တောင်ထီဗွာ၊ မင်းဘူး၊ ပင်လောင်းကြီး၊ ပင်မွန်း ၊ ထီပေါင် စသည့် ကျေးရွာ အုပ်စုများ အတွင်းရှိ ကျေးရွာများနှင့် ရင်းမှီးရပ်ကွက်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူ များအား ယနေ့ နံနက် (၉) နာရီမှ စတင်၍ ပင်လောင်းမြို့နယ် ဆိုင်ကလုန်းရှက်တာခန်းမ စုရပ်နေရာ၌ ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်များ ကြီးကြပ်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများ၊ ကျန်းမာရေးဌာန ၀န်ထမ်းများ၊ အဖြူရောင်လူငယ် ပရဟိတအသင်းအဖွဲ့၀င်များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင်ခေတ္တ အနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင်  ယနေ့ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမည့် အသက် (၁၈) နှစ်အထက် ဒေသခံ ပြည်သူများမှာ ဒုတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ၄၄၁ ဦး ၊ တတိယအသုတ် (ဒုတိယအကြိမ်)အဖြစ် ၁၄၉၀ ဦးတို့ ဖြစ်ကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ထွန်းလင်း(ပင်လောင်း)