ဆွမ်ပရာဘွမ် နိုဝင်ဘာ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်၉နာရီချိန်က မြို့ပေါ် လမ်းဆုံ များ၌ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဂျေအားနာနှင့် ဝန်ထမ်းများက အထကကျောင်း လမ်းဆုံ၊ စည်ပင်စျေး၊ လူအများသွားလာလှုပ်ရှားသော နေရာများ၊ လမ်းဆုံ၊ လမ်းခွများတွင် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ မျိုးချစ်စိတ်ဓာတ်ထိန်းသိမ်း အပ်ကိန်းဝပ်ရှင်သန်ဇာတိမာန်၊အမျိုးသားပညာရေး၊ ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ၊ အမျိုးသားအောင်ပွဲနေ့၊ အေးအတူပူအမျှ၊ ပညာရေးကဏ္ဍ သည် အရေးကြီးသည်၊ အမျိုးသားရေးစိတ်ဓာတ်စသည့် အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဟင်နရီမီးကိုဆာ (ဆွမ်ပရာဘွမ်)