မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့ကျစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းပန် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က မိုင်းပန်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ် လမ်းကြားများတွင် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေနေအိမ် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (mask) ကို စနစ် တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှ ပြန်လာသောအခါ (mask) များကို စနစ်တကျ စွန့်ပြစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် ဆေးရန် နှင့် မိမိတို့နေအိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုးကူးစက်ခံရသည် ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့်  လှည့်လည် တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)