သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်(ပထမနေ့) စတင် ထိုးနှံပေးလျက်ရှိ

သံတွဲ နိုဝင်ဘာ ၂၄

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံခြင်းကို သံတွဲမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်ပြည့် ပြီးသူများနှင့် (၅၅)နှစ်နှင့်အထက် ပြည်သူများအား ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဒွါရာဝတီခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန ဆေးထိုးစင်တာ (၁၀)ခုတွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီး အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်သားများ စေတနာ့ ပရဟိတအဖွဲ့များ၊ ဘုန်းတော်ကြီးများနှင့် သာသနဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်/တည်းခိုခန်း၊ အစားအသောက် ဝန်ဆောင်မှု ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု ဝန်ထမ်း၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံငတကာ ဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ကုန်ပစ္စည်း သိုလ်လှောင်ရေး လုပ်ငန်း လုပ်ဆောင်သူများ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ ရွှေ့ပြောင်းလူအုပ်စုနှင့် ယာယီစခန်းများမှပြည်သူများ၊  မသန်စွမ်းသူ(၁၅)ဦး၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူ(၂၁)ဦး၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းမှ ဝန်ထမ်းများ(NGOs/INGOs)များမှ အောက်တိုဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၁ ရက်နေ့ထိ ထိုးပေးသွားမည်ဖြစ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အနီးကပ် ကြီးကြပ်လျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကာ စာရင်းပြုစုခြင်း၊ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)