မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

မိုင်းဆတ် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇) နာရီက မြို့ပေါ်ရပ်ကွက်များတွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် တတ်နိုင် သမျှ မိမိအိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် ရန်၊ မိမိတို့နေအိမ်တွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်စသည့်အချက်များကို ကျဒယ်ရပ်ကွက်နှင့် နောင်ဟီးရပ်တို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက Hand Speaker အသုံးပြု၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)