မိုင်းခတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မစျေးရှိ စျေးဆိုင်ရှင်များ၊ ပျံကျစျေးသည်များ၊ စျေးဝယ်သူများနှင့် မြို့တွင်း ဝင်/ထွက် သွားလာသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုများအထိ ကွင်းဆင်း၍ စုစုပေါင်း လူဦးရေ (၁၃၅) ဦးအား RDT Test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၂၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းပိုးတွေ့လူနာများမှာ အမှတ် (၁) ရပ်ကွက်မှ (၂) ဦး၊ အမှတ် (၂) ရပ်ကွက်မှ (၅) ဦး၊ ဟိုလင်းကျောင်းတိုက်မှ သံဃာ(၁)ပါး၊ ဖားငံကျောင်းတိုက်မှ သံဃာ(၂)ပါး၊ တောင်သုံးလုံးကျောင်းတိုက်မှ သံဃာ(၁)ပါး၊ မိုင်းညှင်းကျောင်းတိုက်မှ သံဃာ(၁)ပါး၊ ဝမ်ကောင်းရွာမှ (၁)ဦး၊ ဖာလိုင်းရွာမှ (၂)ဦး၊ နမ့်တာပီးရွာမှ (၂)ဦး၊ ဟိုလင်းကျေးရွာမှ (၄)ဦး စုစုပေါင်း(၂၁)ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။
မိုးဒေ (ပြန်/ဆက်)