မက်မန်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ပန်းခင်း စီမံချက်ဖြင့် မှတ်ပုံတင်များ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၁၄)ရွာရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူကျား(၁၇)ဦး၊မ(၂၃)ဦး၊ အသက် (၁၆နှစ်နှင့်၁၈)နှစ်ကြား ကျား(၁၃)ဦး၊မ(၈)ဦး၊ အသက်၁၈နှစ်ပြည့်ပြီးသူ ကျား(၇၆)ဦး၊မ(၆၇)ဦး မှတ်ပုံ တင်လဲလည်သူ ကျား(၃၉)ဦး၊မ(၄၁)ဦး၊ မိတ္တူကျား(၁၀)ဦး၊မ(၈)ဦး၊ စုစုပေါင်း (၃၀၇)ဦးတို့ကို မှတ်ပုံတင် များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းမှတ်ပုံတင်ဆောင်ရွက်ပေးခြင်းကို မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးဇော်လင်းနှင့် ခရိုင် / မြို့နယ်ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။ ဆက်လျက်၍ ပန်းခင်းစီမံချက်ဖြင့် မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမြတ်စိုး(IPRD)