ကျောက်ဆည်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည်   နိုဝင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုနိုးကြားလာပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်များ စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၈)နာရီခွဲက အေးမြကြည်လင်ဈေး၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းများတွင် (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ် စို့၊ ၂၀၂၁-ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ၂၀၂၁-ခုနှစ်ဧပြီလ(၁၁)ရက် နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား တွေ့ဆုံမှာကြားခဲ့သည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ မျိုးချစ်စိတ်ဓာတ်ထိမ်းသိမ်းအပ် ကိန်းဝပ်ရှင်သန် ဇာတိမာန်၊ အမျိုးသားပညာရေး၊ အမျိုးသားအောင်ပွဲနေ့အကြောင်း၊ အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ရေနံ့သာမောင်ကျော်ညွှန့် ရေးသားထားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာနှင့် အမျိုးသား ရေးစိတ်ဓာတ်စသည့် အကြောင်းများ  ပါဝင်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)