ဟိုပန် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဟိုပန်မြို့ အ.ထ.က ကျောင်းမှ အထက်တန်းပြဆရာကြီး ဦးအောင်ချစ်စုက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်း ရှင်သန်ကြစေရေးတို့အတွက် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ကြောင်း သိရသည်။
အဆိုပါ (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ(Talk Show) ဆွေးနွေးပွဲကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဟိုပန်ခရိုင် ပြည်သူ့ စာကြည့်တိုက် Page ၊ အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)