ပန်လုံ နိုဝင်ဘာ ၂၃ရက်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့နံနက်(၉)နာရီအချိန်က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးဆမ်ဆိုက်နှင့် ဝန်ထမ်း များ သည် “ပန်းခင်း” စီမံချက်လက်ကမ်းစာစောင်များကို ပန်လုံမြို့မြို့မဈေးသို့ ရပ်ဝေး/ရပ်နီးမှ ဈေးရောင်း/ဈေးဝယ်လာရောက်ကြသော ပြည်သူများအား အသိပညာပေးခြင်းကို ကွင်းဆင်း၍ ဖြန့်ဝေဆောင်ရွက်ခဲ့ပါသည်။ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက “ပန်းခင်း” စီမံချက်လက်ကမ်းစာ စောင်ပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကိုင်ဆောင် လက်မှတ်ရရှိနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် “ပန်းခင်း”စီမံချက် လုပ်ငန်း(၄)ရပ်ကို အသေးစိတ် ရှင်းလင်း၍ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်လုံ(ပြန်/ဆက်)