နမ့်ခမ်း နိုဝင်ဘာ ၂၃
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနံရံကပ် စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကို ယမန့်နေ့ ညနေပိုင်း (၄)နာရီအချိန်က မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)၊ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ စာအုပ်စာစောင်ပြပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းနှင့် ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်တို့ကို ပြောကြားပြီးနောက် နံရံကပ်ပြသဆောင်ရွက်ရာ စာစောင်တွင် အမျိုးသားနေ့အကြောင်း သိကောင်းစရာများ၊ မှတ်တမ်းဓာတ်ပုံများ၊ ကဗျာများ၊ ကာတွန်း၊ ဆောင်းပါးများနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဆောင်ရွက်မှုများကို ပြသပေးခဲ့သလိုမြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိသုတ၊ ရသစာအုပ်များကို ပြသပေးခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများမှ ကြည့်ရ လေ့လာခဲ့ကြကြောင်း သိရသည်။
စန္ဒာ(နမ့်ခမ်း)