မိုင်းတုံ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ကကျင်းပခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းခိုင်က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် နိုင်ငံတော်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ ''လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိဘပြည်သူ လူထုများ၏ အကျိုးအတွက် ပန်းခင်းစီမံချက်အတိုင်း မိမိတို့ဌာနမှ ပြည်သူများအား ဝန်ဆောင်မှုများပေးနေမှု အခြေအနေများ၊ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်နှင့်အထက် နိုင်ငံသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား အသိပညာ ပေး ဆွေးနွေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှတဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)