မိုင်းခုတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့ စစ်ဆေး ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ရှိသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီခွဲမှစတင်ကာ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (ဝမ်ကတ်) ၌ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက အမှတ် (၁)ရပ်ကွက်အတွင်းရှိ ဝမ်ပုံ၊ ဝမ်ကတ်နှင့် ဝမ်လောက်ရပ်မှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် အသက် (၁၈)နှစ်အထက်ရှိသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခေတ္တမြို့ အုပ်ချုပ်ရေးမှူး ဦးစိုပြေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမကြိမ် ထိုးနှံပေးခြင်းကို မိုင်းခုတ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ သတ်မှတ်ရက်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု အခြေအနေမှ လျော့ကျရပ်တန့်သွားစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများလိုက်နာနေထိုင်စေရေး ထိရောက်သော ကြပ်မတ်ထိန်းချုပ်မှု ပြုနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန် ပေးအပ်ထား ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)