သိန္နီမြို့တွင် ပြည်သူများနေအိမ်ပြင်ပထွက်ခွာပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလားရန် အသိပညာပေးနှိုးဆော်

သိန္နီ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလားရန် အသိပညာပေးနှိုးဆော်များကို စဉ်ဆက်မပြတ် ဆောင်ရါက်လျက်ရှိရာ ယနေ့နေ့လယ် (၁) နာရီအချိန်ခန့်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ ကို ဒေသ နေပြည်သူများကျယ်ကျယ်ပြန့်ပြန့်  သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင်သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများ အနေဖြင့် မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှ လာသော ဧည့်သည်များလက်မခံပါရန်နှင့် အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်မနှာခေါင်းစည်း (Mask) များကိုစနစ်တကျ တပ်ဆင်ကြရန်၊လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက် ခံရသည်ဟု သံသယရှိပါက နီစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက် များကို ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အိဇာချို(ပြန်/ဆက်)