Online စနစ်ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အများပြည်သူ အသိပညာပေး (Talk Show) နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်

နမ္မတူ   နိုဝင်ဘာ    ၂၃

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အများပြည်သူအသိပညာပေး (Talk Show) ကို  ယနေ့ နေ့လယ် ()နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက Online စနစ်ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် နမ္မတူမြို့နယ် ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အကျယ်တဝင့်အသိပညာပေး ရှင်းလင်း ပြောကြားသည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ လစဉ် ပြည်သူများသိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် မေးမြန်းဆွေးနွေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)