မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည် စေလွှတ်သူ (၁၄၀) ဦး ထိရှိလာပြီဖြစ်

မိုင်းယန်း    နိုဝင်ဘာ   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရ ကိုဗစ်-၁၉ အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၅၅) ဦး တွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ (၁၄၀) ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး (ဆီဆိုင်)