မချမ်းဘော့ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသောဝန်ထမ်းများ စာပေမှရသော အသိပညာဗဟုသုတများကို အသုံးချတတ်စေရန် အားလပ်ချိန်တွင် စာပေဖတ်ရှု လေ့လာသည့်အလေ့အကျင့်များရှိစေရန်ရည်ရွယ်၍ စာရေးဆရာ မြနှင်းရည်ရှိန် ရေးသားထားသော "အတွေးမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့" စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ(၁)နာရီက မချမ်းဘော့မြို့ နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က မတုန်မလှုပ်ဘဲအကောင်းဆုံးကိုပြုလုပ်ပါခေါင်း စဉ်ဖြင့် မိမိအတွက် အရေးကြီးသောအလုပ်ဖြစ်သော်လည်း မကြာခဏနှောင့်နှေးနေသောအလုပ်ကို ချရေးကြည့်ပါ။ ထိုအလုပ်ကြောင့် ခံစားရမည့်ကောင်းကွက်များကို အာရုံစိုက်ပြီးနောက် မနှောင့်နှေး တွေ့လုပ်ဆောင် နိုင်သောနည်းလမ်းကိုစဉ်းစားကြည့်ပါ၊ စွမ်းအားများပေါ်လာပြီး ခံစားချက် လည်းပြောင်း လဲလာမည်ဖြစ်ကြောင်း ဆွေးနွေးပြီး ဒေါ်ရှကောန်နေဆန်း (ရုပ်/သံ - ၃)မှ ငုတ်လျှိုးနေသော အရည်အချင်းများကိုမြှင့်တင်ပါ ခေါင်းစဉ်ဖြင့် ထိုအလုပ်ကိုလုပ်ခဲ့ရင ်ကောင်းမယ် ဟုဆိုကာနောင်တရဖူးပါက ထိုအကြောင်းအရာကိုတွေးမိသည့် အတိုင်းရေးကြည့်ပါ မိမိကိုယ်က ိုယုံကြည်ကြောင်းကြေညာပါ။
မိမိကိုယ်ကိုယုံကြည်ပြီးသတ္တိရှိစွာ လက်တွေ့ လုပ်ဆောင်ကြည့် ရန်ဖြစ်ကြောင်း ၊ ဦးဖုန်ထိန်ဂျုံရှင်း( ဓာတ်ပုံ -၂(ပြ))မှ စာဖတ်သည့်အချိန်ကို မနှမြောပါနှင့် ခေါင်းစဉ်မှစာအုပ်တစ်အုပ်သည် ငွေအရင်းအနှီး လည်းဖြစ်နိူင်သလို၊ ဘဝကိုနောက် တစ်ကြိမ်စဉ်းစားနိုင်သည့် အခွင့်အရေးလည်းဖြစ်နိူင်သည်။ မိမိအလိုရှိသောဘဝကို နေထိုင်သွားရန် အတွက် နည်းလမ်းကို ရှာဖွေလိုပါက စာအုပ်ဖတ်ရပါမည် စာအုပ်ထဲမှ လူများစွာတို့၏ အကြံပေးစကားများနှင့်အတွေ့အကြုံများမှ နည်းလမ်းများကို ရှာဖွေသိရှိ လာမည်ဖြစ်ကြောင်း အသီးသီး ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)