ပင်လောင်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ ပြည်သူထံသို့ တိုက်ရိုက်သော်လည်း ကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် နံရံကပ် စာစောင်ပြသခြင်း လုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီ အချိန်က ပင်လောင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် မြေစိုက်ပြဘုတ်တွင် (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ ခေါင်းစဉ်ဖြင့် မြေစိုက်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြဘုတ်တွင် ကျွန်ပညာရေးစနစ်အား စတင် သပိတ်မှောက်ခဲ့သည့် မျိုးချစ်ကျောင်းသားများ၏ ဓာတ်ပုံများ၊ ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ခဲ့သော အမျိုးသား ပညာဝန်များ၊ အမျိုးသားနေ့နှင့် ပတ်သက်သည့် ပန်းချီ ကာတွန်းများ ၊ ကဗျာဆောင်းပါးများ ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်း ကြောင်းတို့ကို ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်း၀င်နေ့ကြီးရက်ကြီးများအား အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် ပြဘုတ်အား (၂၃.၁၁.၂၀၂၁)မှ (၃၀.၁၁.၂၀၂၁)ထိ ပြသ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)