နေပြည်တော် နိုဝင်ဘာ ၂၃
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးမှုအစီအစဉ်ကို ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show အစီစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ စာရေးဆရာ ခိုင်မင်း (နေပြည်တော်) နှင့် ဦးသန်းဝင်းတို့က လူကုန်ကူးမှုခံရသည့် အဓိကအကြောင်းရင်းများ၊ လူကုန်ကူးခြင်း ခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ၊ လူကုန်ကူးခြင်းနဲ့ လူမှောင်ခိုအကြောင်းများ စသည့်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာများကို အကျယ် တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)