ခေါဇာ နိုဝင်ဘာ ၂၃
မွန်ပြည်နယ်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ရေးမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ(Talk show)ကို ယနေ့နံနက် ၁၀ နာရီက ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (CommunityCentr) ခန်းမ၌ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုအောင်က (Talk show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး ရေးမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦး ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ပြည်သူအများ သိသင့်သိထိုက်သော အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခေါဇာ (ပြန်/ဆက်)