နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များပါဝင်သောအဖွဲ့များက နောင်ချိုမြို့နယ် တောင်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ (၁၅၆)ဦးကို RDT Tes tkit ဖြင့် စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၁)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှု ရာခိုင်နှုန်း (၀.၆၄) ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံး ကွင်းဆက် ပြတ်တောက်နိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ၊ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  မြို့နယ်ကို ဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။       

ထွေးငယ်၊(ပြန်/ဆက်)