မိုးနဲ နိုဝင်ဘာ ၂၃
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အချိန်နှင့်တစ်ပြေးညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် အုပ်စုအလိုက် ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းတို့ကို မြို့နယ်ကမ္ဘောဇခန်းမနှင့် OSS (one stop shop) ရုံးတို့တွင် တစ်ပြိုင်နက်တည်း ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အုပ်စုအလိုက် ဒုတိယအကြိမ် ထိုးနှံသူများ နှင့် ပထမအကြိမ်လာရောက်ထိုးနှံကြသူများကို ၆ ပေအကွာ ခပ်ခွာခွာထိုင်စေခြင်း၊ ကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းသွင်းပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကာကွယ် ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် သံဃာတော်များပါ လာရောက်ထိုးနှံကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)