ရွှေတိဂုံ​စေတီ​တော် ဘဏ္ဍာ​တော်ထိန်း​ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာ​တော်ကြီးများအား ထပ်ဆင့် ဂုဏ်ပြုပူ​ဇော်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၃

ရွှေတိဂုံ​စေတီ​တော် ဘဏ္ဍာ​တော်ထိန်း​ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ​တော်အစိုးရမှ ဘွဲ့တံဆိပ်​တော် ဆက်ကပ်ပူ​ဇော်ခြင်း ခံယူရရှိ​တော်မူခဲ့သည့်​ ရွှေတိဂုံ​စေတီ​တော် ဘဏ္ဍာ​တော်ထိန်း ​ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာ​တော်တစ်ပါး၊ ​​စေတိယဂ်ဏသြဝါဒါစရိယဆရာ​တော်နှစ်ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓအလှူခံ ဆရာ​တော်()ပါးတို့အား​ ရွှေတိဂုံ​စေတီ​တော်ဘဏ္ဍာ​တော်ထိန်း​ဂေါပကအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပူ​ဇော်ခြင်း ဂုဏပူဇာအခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်း တွင်​ စေတီ​တော်ရင်ပြင်​ တောင်ဘက်မုခ်ရှိ​ ရှေး​ဟောင်းဗုဒ္ဓရုပ်ပွား​​တော်များ တန်​ဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကြီး သာ​ကေတမြို့နယ်၊ တိပိဋကလင်္ကာရ​ကျောင်းတိုက်မှ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇဘွဲ့တံဆိပ်​တော်ရ ဆရာ​တော်ဘဒ္ဒန္တအဂ္ဂသာမိထံမှ​ ဂေါပကအဖွဲ့ဝင်များနှင့်​ဂေါပကရုံးဝန်ထမ်းများက ငါးပါးသီလခံယူ​ဆောက်တည်ကြသည်။

ထို့နောက် ဆရာ​တော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်​တော်မူ​​​သော ပရိတ်တရား​တော်များကို နာယူကြသည်။

ယင်း​နောက်​ ရွှေတိဂုံ​စေတီ​တော် ဘဏ္ဍာ​တော်ထိန်း​ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ​ဂေါပကအဖွဲ့ဝင် ဦးမင်းလွင်က ဂုဏဝိသိဌပူဇာမင်္ဂလာစကား​​​လျှောက်ထားသည်ထို့နောက် ၂၀၂၁ ခုနှစ်နိုင်ငံ​တော် အစိုးရမှ ဘွဲ့တံဆိပ်​တော် ဆက်ကပ်လှူဒါန်းခြင်း ခံယူရရှိ​တော်မူခဲ့သည့် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်​တော်ရ၊ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသ အလယ်​တောရ​ကျောင်းတိုက်ဆရာ​တော်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်​တော်ရဘဒ္ဒန္တနာရဒါဘိဝံသပါဠိ တက္ကသိုလ်​ညောင်တုန်း​ကျောင်းတိုက်၊ လှရတနာ​​ကျောင်းဆရာ​တော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်​တော်​တော်ရ​ ဒေါက်တာဘဒ္ဒန္တပညာသီဟာဘိဝံသ၊ ဉ္စနိကာယ​ကျောင်းတိုက်ဆရာ​တော်၊ အဂ္ဂမဟာသဒ္ဒမ္မ​ဇောတိက ဓဇဘွဲ့တံဆိပ်​တော်ရ ဘဒ္ဒန္တအဂ္ဂသာမိ၊ တိပိဋကာလင်္ကာရ ကျောင်းတိုက်ဆရာ​တော်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်​တော်ရ ဘဒ္ဒန္တပညာသာရာဘိဝံသမင်္ဂလာ ရာမကျောင်းတိုက်ဆရာ​တော်နှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်​တော်ရ ဘဒ္ဒန္တမာနိတာဘိဝံသ၊ သာသနဝံသ​ကျောင်းတိုက် ဆရာ​တော်တို့အား​ဂေါပက အဖွဲ့ဝင်များက တံဆိပ်​တော်နှင့် လှူဖွယ်ပစ္စည်းများ ထပ်ဆင့်ဂုဏ်ပြုဆက်ကပ်လှူဒါန်းကြသည်။

ယင်း​နောက် ရန်ကုန်တိုင်း​ဒေသကြီး ဗဟန်းမြို့နယ်​ ညောင်တုန်းပါဠိတက္ကသိုလ်​​ ကျောင်းတိုက်လှ ရတနာ​ ကျောင်းဆရာ​တော် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်​တော်ရ ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနု​မောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ​ပေး​ဝေခဲ့​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)