အလုံမြို့နယ်၌ အသက်(၄၀)နှစ်အထက် ရပ်ကွက်နေ ပြည်သူများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase( 4 ) (ပထမအကြိမ်) ထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်

အလုံ   နိုဝင်ဘာ    ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံက် (၉း၀၀) အချိန်က အသက်(၄၀)နှစ်အထက် ရက်ကွက်နေပြည်သူများ၊ ဝန်ထမ်းများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေ ချောမွေ့ စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ရပ်ကွက်နေ ပြည်သူများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase( 4 ) (ပထမအကြိမ်) ထိုးနှံခြင်းကို (၆၈၄)ဦး ထိုးနှံ​ပေးပြီး ဖြစ်​ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ ပြည်သူများအား အသက်အပိုင်းအခြား အလိုက် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။