မိုင်းရယ်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

မိုင်းရယ် နိုဝင်ဘာ ၂၃

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

အဆိုပါ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခြေခံပညာ အထက်တန်းကျောင်း၊ ဈေးများအတွင်းနှင့် ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိသတ်များကို ဖြန့်ဝေပေးလျက် ရှိပါသည်။ ယင်း လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ် မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားနေ့ အကြောင်းကဗျာများ၊ မိန့်ခွန်း ကောက်နုတ်ချက်များပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်ထိုက်