ဒဂုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ဒဂုံ  နိုဝင်ဘာ ၂၃

နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ကျားကူဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခန်းမတွင် ယမန်နေ့ နေ့လယ် (၂:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်မိုးမိုးခိုင်က (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သတ်၍ အနာဂတ် ကျောင်းသား ကျောင်းသူများ သိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရင့်သန်စေရန်၊ အမျိုးသားရေး အားမာန်များ နိုးကြားတက်ကြွ လာစေရန်၊ တိုင်းရင်းသားပြည်သူတို့၏ စည်းလုံးမှုနှင့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ လွတ်လပ်ရေးကြီးကို ပြန်လည်ရယူနိုင်ခဲ့ပြီး လွတ်လပ်ရေးနေ့ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်းနှင့် မြန်မာ့တိုင်းရင်းသားတို့၏ သူ့ကျွန်မခံလိုသော မီးခဲပြာဖုံးစိတ်ဓာတ်များ ပေါ်ထွန်းလာခဲ့ပြီး ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ရက် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ပြီး ယနေ့တိုင် ကျင်းပလျက်ရှိကြောင်း ဟောပြောခဲ့ပါသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား ကျောင်းသူများကို အမျိုးသားနေ့နှင့် ပတ်သတ်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ညနေ (:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)