ပူတာအို နို၀င်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ယူ အခမဲ့ထုတ်ဝေသည့် နို၀င်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာဈေးနှင့် လူအသွားအလာများသော လမ်းဆုံလမ်းခွများတွင် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ ၂၀၂၁-ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှ ကောက်နုတ်ချက်များ၊ ကဗျာဆရာ ရေနံ့သာမောင်ကျော် ညွှန့်ရေးစပ်ထားသည့် ဘုန်းရှင့်မြန် မာတို့ မြန်မာကဗျာ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ တို့ဗမာအစည်းအရုံး သမိုင်းပထမတွဲ၊ မြဟန်၏ ကိုလိုနီခေတ်မြန်မာ့သမိုင်း အဘိဓာန်၊ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၄) စသည့် အကြောင်းအရာများ ပါ၀င်လျက်ရှိကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့် ၀န်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့ မြို့မဈေးနှင့် လူအသွားအလာ များသောလမ်းဆုံလမ်းခွများနှင့် နို၀င်ဘာ(၂၂)ရက် ညနေပိုင်းတွင် ပူတာအိုမြို့ ဟိုခိုရပ်ကွက်ရှိ အောက်ချိုင့်ဈေးတွင် လက်ကမ်းစာစောင် စောင်ရေစုစုပေါင်း (၂၈၀) စောင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)