ကျောက်ဖြူ၊ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ ဆောင်တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက (ဒုတိယအကြိမ်မြောက်) ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ဆေးထိုးရန်လာရောက် ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်းများ က လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေး လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါကာကွယ်ဆေးအား အခြေခံပညာ အလယ်တန်း၊ အထက်တန်းမှ အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၃၆၉ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့မှ စတင် ၍ ပထမအကြိမ်ထိုးနှံပေးထားခဲ့ပြီးဖြစ်သည်။ ဆက်လက်ပြီး ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးအား နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ပြန်လည်၍ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးလျက်ရှိကာ ယင်း နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူ ၆၄၇၈ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး