တပ်ကုန်း နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင့်တင့်ခိုင်က အဖွင့် အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြက်စေရန်၊ စည်းကမ်း တကျ ပြောဆိုတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ မူလတန်း အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား/သူ ကလေးငယ်( ၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိသည့် ကျောင်းသား/သူ ကလေးငယ်များကို ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာပေ ချစ်မြတ် နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား) (Star Crown) မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ဝေဝေဖြိုးနှင့် ကျောင်းသားမိဘ တို့က ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများပေး အပ်ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူ ကလေးငယ်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်