ဂွ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်းရှိ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ရှိ ပြည်သူများ၊ သတ်မှတ် ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဂွမြို့စုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ဆပ်သွား(အ.ထ.က)နှင့် ကျိန္တလီထွေ/အုပ် ခန်းမတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို Four Phase ပထမအကြိမ် အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၊ သတ်မှတ်ဆေးထိုးအုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူ ၄၀၅ ဦးအား မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် ယနေ့တွင်လည်း အဆိုပါ စုရပ်(၃)ခု၌ ကျန်ရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်