မိုင်းငေါ့မြို့တွင်  (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာအုပ်/ စာစောင်ပြပွဲ  ကျင်းပပြုလုပ်

မိုင်းငေါ့    နိုဝင်ဘာ    ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့ နံနက် ()နာရီ အချိန်က (၁၀၁)နှစ် မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင် ပြပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စာအုပ်/စာစောင် ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် စာအုပ်/ စာစောင်များနှင့် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေသည့် သုတ/ရသ စာပေများ အားခင်းကျင်း ပြသထားကြောင်း  သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)