တပ်ကုန်း နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ “၁၀၁” နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “၁၀၁” နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများအသိပညာပေး Talk Show အစီအစဉ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်တင့်တင့်ခိုင်နှင့် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)တို့က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းလိုက်တဲ့ ရန်ကုန်ယူနီဗာစီတီ အက်ဉပဒေပါအချက်အလက်များ၊ အမျိုးသားကျောင်းများ တည်ထောင်တဲ့ အကြောင်းအရင်း များ၊ အမျိုးသား စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ရှင်သန် ထက်မြက်စေရေး လုပ်ဆောင်ရမည့်အချက်အလက်များ ဆွေးနွေးခဲ့သည်။ အဆိုပါ Talk Show အပြည့် အစုံများကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် (Facebook page) တွင် တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်