တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပုံပြင်ပြောပွဲကျင်းပ

တောင်ကုတ် နိုဝင်ဘာ ၂၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ အခြေခံပညာ အလယ်တန်းကျောင်း သိမ်တောင်ကျောင်းမှ ပဉ္စမတန်းအဆင့် စာပေမြတ်နိုးသူ ကလေးများနှင့် ပူးပေါင်း၍ ပုံပြင်ပြောခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ    ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြသည်။

တောင်ကုတ်မြို့ အခြေခံပညာ အလယ်တန်းကျောင်း သိမ်တောင်ကျောင်းမှ ငှက်အကြောင်း လေ့လာရန် ရောက်ရှိလာကြသော ကလေးငယ်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစန်းဝင်းက ကလေးငယ်များ စာကြည့်တိုက်သို့ စာလာဖတ်ကြရန် မှာကြားပြီး ကလေးငယ်များ လေ့လာရန်ရောက်ရှိနေကြသော ငှက်အကြောင်းအရာပါ စာအုပ်များအား ပြောပြပြီးပြန်လည်မေးမြန်းကာ ကလေးငယ်များက မှတ်မိသမျှ ပြန်လည်ဖြေ ကြားကာ ဒုတိယဦးစီးမှူးဦးစန်းဝင်းက ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ကာ ဇာတ်လမ်းသရုပ်ဖော် မစန္ဒာ၏ " ဘိုးသုည၏တန်ဘိုး" စက္ကူပြဇာတ်ဖြင့် ပြောပြခဲ့ကြောင်း သိရသည်။

စန်းဝင်း(ပြန်/ဆက်)