နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိ

နောင်ချို     နိုဝင်ဘာ      ၂၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊   ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ပေအကွာနေရာများထားပေးခြင်း၊လက်ဆေးဘေလ်စင်များထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နံနက် (၆း၀၀)နာရီအချိန်မှ နေ့လယ် ၁၄၀၀ နာရီအချိန်အထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ဒုတိယမန်နေဂျာထံမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)