နမ့်ဆန် ၊ နိုဝင်ဘာလ ၂၃ ရက်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းထားထားလှိုင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်း အကျဉ်းတို့အား ပြောကြားပြီးတက်ရောက်လာကြသော ဒေသခံပြည်သူများ အသိပညာဗဟုသုတ များ ရရှိစေရန်ရည်ရွယ်၍ အမျိုးသားနေ့ပတ်သက်သည့် စာအုပ်စာစောင်များကို ပြသပေးခဲ့ ကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းများကို ပြည်သူများစိတ်ပါဝင်စားစွာ ကြည့်ရှု နိုင်စေရန် ရည်ရွယ်၍ ပြသခြင်းဖြစ်ကြောင်း သိရသည်။ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းနှင့်အညီဆောင်ရွက်ပြီး နမ့်ဆန် မြို့နေကလေးငယ်များ စာအုပ်စာပေများ ကိုပိုမိုဖတ်စေရန်၊ အမျိုးသားနေ့ကို အမြဲအမှတ်ရနေစေရန်၊ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန် ဆေးရောင်ခြယ် ပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)