ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်

ပေါက်တော   နိုဝင်ဘာ   ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်စိန်က Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးအောင်စိန်ထွန်း (လက်ထောက်မြို့နယ်ပညာရေးမှူး-ငြိမ်း) (စာရေးဆရာ ခိုင်ရန်ရှင်း)က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတို့အား အနာဂတ်မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတ တိုးပွါးစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ရမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အကျဉ်းချုပ် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။