သီပေါ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာမျာ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကား ကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့နှင့်ဆိုင်သော ဆောင်းပါး၊ ကဗျာ၊ ကာတွန်း များနှင့် ဆောင်ပုဒ်များ အစရှိသည့် အကြောင်းအရာများပါဝင်ပြီး လက်ကမ်းစာစောင် စောင်ရေ (၂၈၀) စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)