ပေါင်မြို့နယ်၌ အမျိုးသားအောင်ပွဲနေ့ အကြိုစစ်တုရင်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ပေါင် နိုဝင်ဘာ ၂၃

သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုစစ်တုရင်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန (Communty Center)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းမှ ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယဦးစီးဌာနမှ ဝန်ထမ်းများက အကဲဖြတ်ဒိုင်းအဖြစ် ပြုလုပ် ပေးပြီး ဆုများရွေးချယ်ပေးခဲ့ပြီး ဆုများကို မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးသန်း