သီပေါမြို့နယ်တွင်  မိုဘိုင်းစာကြည့်တိုက် စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်

သီပေါ    နိုဝင်ဘာ    ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအား စာပေဖတ်ရှု လေ့လာနိုင်စေရန် ရည်ရွယ်၍ မိုဘိုင်းစာကြည့်တိုက် စနစ်ဖြင့် ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနများသို့စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးရခြင်းမှာပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ သီပေါမြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ ကိုယ်တိုင်လာရောက်ငှားရမ်း၊ ဖတ်ရှုခြင်း မပြုလုပ်နိုင်သော ဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗဟုသုတ ဖြစ်စေမည့် သုတ၊ ရသစာပေများကို ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများ ဖတ်ရှုလိုသည့် စာအုပ်များကိုလည်း ငှားရမ်းပေးကြောင်းနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ဌာနဆိုင်ရာ ရုံးများသို့ မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် အလှည့်ကျသွားရောက် ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)