မိုင်းငေါ့ မြို့တွင်  Online မှတစ်ဆင့်စက္ကူအရုပ်‌ခေါက်ခြင်းဆောင်ရွက်

မိုင်းငေါ့ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲ ရှိသူများနှင့် ကျောင်းသား/သူကလေးများအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန် ရည်ရွယ်၍   မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ စာကြည့်တိုက်မှူး ဒေါ်မို့မို့ က ရောင်စုံစက္ကူများဖြင့် ဝက်ရုပ်ခေါက်ခြင်းကို Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)