ဒဂုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်လမ်းအရှေ့ရပ်ကွက်နေ​ရပ်ကွက်နေပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

ဒဂုံ နိုဝင်ဘာ ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်လမ်းအရှေ့ရပ်ကွက်နေ ပြည်သူ စုစုပေါင်း (၃၇၀)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ကာကွယ်ဆေး ထိုးနှံရာ နေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မရှိစေရေးအတွက် ဒဂုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုး လာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်